" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Monday, April 9, 2012

မှတ်စုမှတ်ရာ အတိုအထွာ


စိတ်အေးချမ်း လိုလျင်.
စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။
 ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။
ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီးထားဖို့လိုတယ် ။

မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက
သာသနာ့ဝန်ထမ်း ဟူသည်…
* သာသနာပြုလုပ်ငန်းဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ လုပ်ငန်းတခုပါ။

* သာသနာပြုချင်ရင် ဝိနည်းနားလည်အောင် လုပ်ရမယ်။

* သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတာ မိမိက သာသနာ့ဝန်ကို ထမ်းဆောင်ရမယ်၊ သာသနာတော်က မိမိရဲ့တာဝန်ကို မထမ်းဆောင်စေရဘူး။

* သည်းခံမှ ကိုယ့်ဂုဏ်သိက္ခာ တက်တယ်။

* ဂုဏ် နောက်ကို လူမလိုက်ရဘူး၊ ဂုဏ်ကသာ လူ့နောက်ကို လိုက်ပါစေရမယ်။

* ရဟန်းတွေဆိုတာ အနေရိုးသားရမယ်၊ အသိဉာဏ်ဘက်ကျတော့ ဆန်းကြယ်စေရမယ်၊ လူများနဲ့ ရောရော နှောနှောလည်း မနေရဘူး၊ ကင်းနိုင်သမျှ ကင်းအောင်နေရမယ်။

(ရွှေကျင် သာသနာပိုင် မြောင်းမြဆရာတော်ကြီး)

ကရုဏာရှင်တို့၏ ခံယူချက်

၁။ လူတွေဟာ တစ်ခါတစ်ရံမှာ.မျှတမှု..မှန်ကန်စွာတွေးခေါ်မှု တို့ မရှိဘဲ သူတို့အတွက်ဘဲ ကြည့်တတ်ကြလိမ့်မယ်.. ဘာပဲဖြစ်ဖြစ် သူတို့ကိုခွင့်လွတ်လိုက်ပါ..

၂။  သင်ဟာကြင်နာတတ်ပေမဲ့..လူတွေက တစ်ကိုယ်ကောင်းဆန်သူ .ကောက်ကျစ်တဲ့ အကြံစည်တွေရှိတယ်လို့ စွပ်စွဲချင်ကြလိမ့်မယ်..ဘာပဲဖြစ်ဖြစ်.ဆက်ပြီး ကြင်နာပါ..

၃။ သင်အောင်မြင်ခဲ့ ရင် မိတ်ဆွေ အတုနဲ့ .ရန်သူ အစစ်တွေ တွေ့ရလိမ့်မယ်..ဘာပဲဖြစ်ဖြစ် ဆက်ပြီးအောင်မြင်အောင် လုပ်ပါ..

၎။ သင်ဟာ ရိုးသားပွင့်လင်းရင်..လူတွေကသင့်ကို လိမ်လည် လှည့်ဖျားကြလိမ့်မယ်..ဘာပဲဖြစ်ဖြစ် ဆက်ပြီးရိုးသားပွင့်လင်း လိုက်ပါ..

၅။ သင် နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ အရာတစ်ခုကို(ဥပမာ..ဂုဏ်သိက္ခာ.)တစ်စုံတစ်ယောက်က တစ်နေ့/တစ်ည ထဲနဲ့.ဖျက်ဆီးပစ်နိုင်တယ်.ဘာပဲဖြစ်ဖြစ် ဆက်ပြီးတည်ဆောက်ပါ..

၆။ သင် တည်ငြိမ်အေးချမ်းစွာ ပျော်ရွင်နေရင်..မနာလိုသူတွေ ရှိချင်ရှိလိမ့်မယ်..ဘာပဲဖြစ်ဖြစ် ဆက်ပြီးပျော်ရွင်ပါ..

၇။ သင်ဒီနေ့လုပ်တဲ့ ကောင်းမှု တွေကို..မနက်ဖြန်မှာ လူတွေကမေ့ချင်မေ့သွားကြလိမ့်မယ် .ဘာပဲဖြစ်ဖြစ်. .ကောင်းမှုတွေကို ဆက်လုပ်ပါ..

၈။ လောကကို သင့်မှာရှိတဲ့.အကောင်းဆုံးတွေကိုပေးပါ..အဲဒါဟာ လုံလောက်မှာတော့ မဟုတ်ဘူး..ဘာပဲဖြစ်ဖြစ် ..လောကကို အကောင်းဆုံးတွေကို ဆက်ပေးပါ..

(လူသားအကျိုးပြု ခေါင်းဆောင်ကြီး မာသာထရီဇာ Mother Teresa)

1 comment:

ရာဇာထွေး said...

မှတ်သား ဖွယ်ရာ မှတ်စုလေးများကို လာရောက်
ဖတ်ရှု့ သွားပါတယ် ဘုရား...

ရိုသေလေးစားစွာဖြင့်
ရာဇာထွေး

LinkWithin

Related Posts Plugin for WordPress, Blogger...