ဘိသိက်ပြိုင်မှ မှတ်စရာ
ဇာတိမာန်၊ ပညာမာန်၊ ဂုဏ်ဒြပ်မာန်၊ ပစ္စည်းဥစ္စာမာန်တို့ဖြင့်
လူလူချင်း တူပါလျက် မတူတန်သလို ဂုဏ်မောက်နေသော ရတနာပုံ မန္တလေးမြို့မှ နာမည်ကြီး ဘိသိက်ဆရာ
ရတနာပုံ ဆရာလှိုင် နှင့် မာနမရှိ ဂုဏ်မရှိသော တောဘိသိက်ဆရာ ဆားတောင်ရွာ ဇာတိသား ဆားတောင်ဆရာသောင်း
တို့၏ အလှူတစ်ခုအတွင်း ဘိသိက်ပညာပြိုင်ပွဲအကြောင်း မည်သို့ မည်ပုံပြိုင်ဆိုင်ကြသည်ကို ရိုက်ကူးတင်ပြထားသည်။
တကယ်ဖြစ်ခဲ့သော အဖြစ်အပျက်ကို ဆိုင်းဆရာ
စိန်တင်ဟန်၏ တသက်တာ အမှတ်တရ မှတ်စု စာမူကို ဓမ္မဒူတဆရာ တော် ဓမ္မကထိက အရှင်ဆေကိန္ဒ က စပွန်ဆာပေးကာ
ရှိုင်းဟုတ် ( SHINE HOPE ) ကုမ္မဏီ၏ ကျေးဇူးဖြင့် ရိုက်ကူး ထားသောကြောင့် ပညာသားပါပါ မှတ်သားစရာများ
တွေ့ရသည်။
မှတ်မိသော စကားများ
လယ်တီဆရာတော်ကြီးမှ ကင်းဝန်မင်းကြီး ဦးကောင်းအား
သတိသံဝေဂ ရစေရန် ရေးပေးသော သံဝေဂလေးချိုးလင်္ကာ
ကြီး..
မိုက်မလင်းနိုင်ဘု၊ မြိုက်ခင်း ညာဆီမှာ၊
ခါတော်မှီ သီမဝေ့နိုင်ဘူး၊ သည်ကွေ့တွင် နေ့ကုန်မျောပါရ၊ အတော ဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ၊
စသည်ဖြင့် ဖော်ကျူးထားသည်၊
အမိုက်ကြီး ငါးပါး
ကမ္မ သမ္မောဟ - ကံ ကံ၏ အကျိုးကို မသိခြင်း၊
ဓမ္မ သမ္မောဟ - ပညာ စိတ္တ ဒိဋ္ဌိ ၀ိပလ္လာသ ၃ပါးဖြင့်
လွဲမှားခြင်း၊
ပစ္စယ သမ္မောဟ - ပဋိစ္စ သမုပ္ပါဒ် ကို မသိခြင်း၊
လက္ခဏ သမ္မောဟ - အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးကို မသိခြင်း
နိဗ္ဗာန သမ္မောဟ - နိဗ္ဗာန် သန္တိစခန်းကို
မသိခြင်း၊
ဗုံထောက်
အလှူတော်
ဒါန ၊ ဗြဟ္မာက ကြွေးကြော် ( ၂ ခေါက် )
ဤလောက
ဇမ္ဗူမြေမှာ၊ တူမလေ ဘက်ကင်း၊ ( ၂ ခေါက် )
ရေစက်ချလို့
အမျှဝေပါသည်၊ ရေစက်ချလို့ အမျှဝေပါသည်၊
အလိုဗျာ
ပြည်ခေမာ ရောက်ဖို့ ရည်မှန်း၊
ပြည်ခေမာ
ရောက်ဖို့ ရည်မှန်း.. မှန်း ………..
ဗုံထောက် နောက်တပုဒ်
မြန်မာ့ရိုးရာ
အလှူပွဲ၊
တူနွှဲကြ
ပျော်ရွှင်စရာရယ် တူနွှဲကြ ပျော်ရွှင်စရာရယ်၊
အလှူတကာ့
အလှူမှာ၊ ဒီအလှူဟာ အမြတ်ဆုံး၊( ၂ ခေါက် )
စေတနာထားလို့
လှူဒါန်းကာရယ် ( ၂ ခေါက် )
ကုသိုလ်တွေ
ပွား…၊ အလိုဗျာ .. ပြည်နိဗ္ဗာန်သို့ လား………
လယ်တီဆရာတော်ဘုရားကြီး၏ နိဗ္ဗိန္ဒ
တေးထပ်
အ၀ိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊
အရိုးစု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဖို့ ဖန်နဲ၊
အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရည် စိုအရွှဲ ဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေး သည်ခြေ ပြည်သလိပ်တွေက၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊
အရိုးစု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဖို့ ဖန်နဲ၊
အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရည် စိုအရွှဲ ဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေး သည်ခြေ ပြည်သလိပ်တွေက၊
တည်မဆိပ် လျှမ်းပြည့်သည်သာ၊
သို့ကလောက် ရွံစရာကို၊ လွန်တဏှာ မက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြလေ၊
သို့ကလောက် ရွံစရာကို၊ လွန်တဏှာ မက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြလေ၊
တဏှာဖမ်းတဲ့ အကန်းတွေမှာ၊ အပန်းမပြေ ဟိုက်မောရှာကြလေး။
တဏှာပူးတဲ့ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့ အမိုက်တွေမှာ၊ အဟိုက်မပြေ ပင်ပန်းရှာကြလေး။
တဏှာပူးတဲ့ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့ အမိုက်တွေမှာ၊ အဟိုက်မပြေ ပင်ပန်းရှာကြလေး။
ကိုယ်နေရာ မကျတာကို နေရာကျတယ် ထင်နေတာကိုက
နေရာ မကျတာပါ၊
ကိုယ်နေရာ မကျတာကို နေရာမကျမှန်း သိပြီဆိုမှ
အဲဒါ နေရာကျတယ် ခေါ်ပါသတဲ့။
လောကမှာ အမှားဆိုတာ ..
သူတပါးအပေါ်မှာကိုယ်က ကျူးလွန်တဲ့ အမှား၊
ကိုယ့်အပေါ်မှာ သူတပါးက ကျူးလွန်တဲ့အမှား
ကိုယ့်ဘာသာကို ကျူးလွန်တဲ့ အမှား ဆိုပြီး
သုံးမျိုးရှိတယ်၊
လောကမှာ တကယ့်ကို ရှားပါးတဲ့ ပညာရှိ-
သူတော်ကောင်း တယောက်ရဲ့ ထိုင်ကန်တော့တာကို ခံယူဖို့အတွက် ကျနော့်မှာ သီလဖြူစင်ဖို့
လိုတယ်၊
န ဟိ ဝေရေန ဝေရာနိ၊ သမ္မ
န္တီဓ ကုဒါစနံ၊
အဝေရေန စ သမ္မ န္တိ၊ ဧသ ဓမ္မော
သန န္တနော၊ ( ဓမ္မပဒ )
လောကမှာ ရန်ငြိုးရန်စကို ပြန်လည် တုံ့ပြန်နေလျင်
သံသရာမှာ ဘယ်တော့မှ မဆုံးနိုင်ပဲ နှစ်ဦးလုံး အကျိုးယုတ်ရတတ်သည်။ မတုံ့ပြန်ပဲ သည်းခံခြင်းဖြင့်သာ အနိုင်ယူခြင်းသည်
ရှေးရှေးသော ဘုရားအလောင်း သူတော်ကောင်းတို့၏ လမ်းစဉ်ဖြစ်ပေတော့သည်။
ပြိုင်ပွဲထုံးစံ၊ ရှုံးမခံလဲ။
နိုင်ပြန် အရှုံး
ဇာတ်မဆုံးဘူး
အမုန်းသံသရာ လည်ကြပြီ၊
အမှန်ကိုမြင် အမှားပြင်မှ၊
ကင်းစင်မာန အတ္တမပါ၊
သာယာအေးချမ်း ရှိလေပြီ…
No comments:
Post a Comment