" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Tuesday, April 17, 2012

ဈာန်ပျံခြင်းတော့ မဟုတ်ပါ




Youtube မှာတော့ levitation ဈာန်ပျံခြင်း၊ လေထဲသို့ ပျံတက်ခြင်း ဆိုပြီး သုံးနှုံးထားတာ တွေ့ရပါတယ်၊ တဆက်ထဲမှာ ဤဗွီဒီယိုဖိုင်အား ကြည့်ရင်း စာရေးသူ စဉ်းစားမိတာက ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ အမြတ်တနိုး တန်ဖိုးထားသော အထင်တကြီးရှိနေသော၊ ရရှိဖို့ရန် မလွယ်ကူသော၊  ကြိုးစားသော်လည်း လူတိုင်း မရနိုင်သော အဆင့်မြင့် ဈာန်အဘိဥာဉ် တရားများ၏ အစွမ်းမဟုတ်တာတော့ သေချာပြောနိုင်သည်။

ထေရ၀ါဒ ဗုဒ္ဓစာပေများ၌ လာရှိသော ဈာန်ကြွခြင်း ဟူသည် ရရှိနေသော သမာဓိဈာန်စိတ်ကြောင့် ကောင်းကင်ပျံ တက်နိုင်ခြင်းမဟုတ်ပါ၊ တိုက်ရိုက်ဆိုလိုချင်သည်မှာ ဈာန်စိတ်ကြောင့် တန်ခိုးမပြနိုင်ပါ၊ ဈာန်နှင့်တွဲ၍ ပါလာတတ်သော supernatural power ခေါ် အဘိဥာဏ် အစွမ်းများကြောင့်သာ  ဖြစ်သည်၊ သို့သော်လည်း လူတော်တော်များများက  ဈာန်ပျံခြင်း ဟု သုံးနှုံးနေကြသောကြောင့် အများပြောသလို လိုက်မှတ်ရင်း မသိမသာ မှားနေမိကြသည်။

အထူးအားဖြင့် ဈာန်ရရှိရုံဖြင့် တန်ခိုးမပြနိုင်ပဲ အဘိဥာဉ် ( ၆ ) ပါးတွင် တပါးပါးသော်၎င်း၊ ၆ ပါးလုံးသော်၎င်း ရရှိပါမှ အစွမ်းထက်နိုင်သည်၊

အရှင် ဒေ၀ဒတ် ရဟန်းကဲ့သို့  အရိယာမဖြစ်ပဲ ပုထုဇဉ်ဘ၀ဖြင့်လဲ တန်ခိုးရနိုင်သည်၊ ဗုဒ္ဓလက်ထက်မှ စ၍ ယနေ့ခေတ်အထိ သုက္ခ၀ိပဿက ရဟန္တာမျိုး၊ မဂ်ဖိုလ်ရသော်လည်း ဈာန်မရသော၊ တန်ခိုးမပြနိုင်သော အရိယာမျိုးစသည်ဖြင့် အမျိုး ပေါင်းများစွာ ရှိနိုင်ပါသည်။
ထိုအကြောင်းနှင့် ပက်သက်၍ နောက်မှ အလျင်းသင့်လျင် ရေးပါမည်၊ ဤနေရာ၌ကား ထေရ၀ါဒပိဋကတ်တော်လာ ဈာန် အဘိဥာဉ်တန်ခိုးကြောင့် ဖြစ်လိမ့်မည် စသည်ဖြင့် အမှတ်မှားမည် စိုးသောကြောင့် ရှင်းလင်းခြင်းဖြစ်ပါသည်။

အမှန်စင်စစ်ကား တိဗက်၊ ဘူတန်၊ မွန်ဂိုလီးယား၊ တရုတ်၊ ထိုင်ဝမ်၊ ကိုးရီးယား၊ ဂျပန်၊ နီပေါလ် နိုင်ငံတို့၌ တန္တရယာန၊ မန္တရယာနကျမ်းဂန်များ၊ လောကီအစီအရင်များ ရောယှက်နေသော ဂါထာ မန္တရားအတတ်ပညာများကြောင့်သာ ဖြစ်လိမ့်မည်။  ၀ိဇ္ဇာဓိုရ် ၊ ဇော်ဂျီတို့ကဲ့သို့ ဂါထာအစွမ်းများလဲ ရှိတတ်သည်၊ ယခုဗွီဒီယိုသည်လည်း တိဗက်ဘုန်းတော်ကြီးများနှင့် မစိမ်းသော စာရေးသူအတွက် တိဗက်ဘုန်းကြီး တပါးပါး ဖြစ်မည် ဟု ထင်သည်။
ဘယ်လိုပင်ဖြစ်ပါစေ ဗဟုဿုတအနေဖြင့်တော့ ကြည့်သင့်သည်၊ မြင်ဖူးသင့်သည် ထင်သောကြောင့် တင်ပြလိုက်ပါသည်။

4 comments:

အောင်ဒင် said...

မိုက်တယ်။ တကယ်ကြီး နဲ့တူတယ်။

အောင်ဒင် said...

looks cool

mstint said...

ဈန်ပျံခြင်းရယ်လို့ အပြောအဆိုနဲ့ အယူလွဲမှားနေတာနဲ့ပတ်သက်ပြီး ဗဟုသုတယူသွားပါတယ် ဘုရား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။

မေတ္တာဖြင့်
အန်တီတင့်

ရာဇာထွေး said...

ပို့စ်လေးကို ဗဟုတအဖြစ်ဖတ်မှတ်သွားသလို
ဗွီဒီယိုဖိုင်လေးကိုလည်း ကြည့်သွားကြောင်းပါ
ဘုရာ... ယခုလိုတခါမှမမြင်ဘူးတာမို့ ကြည့်
ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် အ၇ှင်ဘုရား

ရိုသေလေးစားစွာဖြင့်
ရာဇာထွေး

LinkWithin

Related Posts Plugin for WordPress, Blogger...