မေး ။ ။ ၀ိပဿနာတရားဒေသနာတွေထဲမှာရော၊ ဓမ္မအတွေးအမြင်အယူအဆများဖက်မှာရော၊ လက်တွေ့ဘ၀နှင့် မကိုက်ညီတာတွေ အများပြားပါနေတယ်လို့ထင်ပါတယ်။ သာဓကပြ ပြောရမည်ဆိုလျှင် ဘုရားရှင်၏ မရေမတွက်နိုင် အောင်များပြားလွန်းတဲ့ အတိတ်ဘ၀ဇာတ်ကြောင်းတွေနဲ့ အနှိုင်းမဲ့သော စွမ်းရည်တန်ခိုးတော်တွေရဲ့ ဖော်ပြချက်များ ရှိနေပါတယ်၊ အဲဒီဖော်ပြချက်
များ၊ ဟောပြောချက်များအားလုံးကို မဖြစ်မနေယုံကြည်လက်ခံဖို့ တကယ်လိုအပ်နေပါ သလားခင်ဗျာ..။
ဖြေ ။ ။ မဖြစ်မနေလိုအပ်နေသလားဆိုလျှင်တော့ မလိုအပ်ပါဘူး။ အတိတ်က အရင်ဘ၀ရှိခဲ့သည်၊ အနာဂတ် မှာ နောင်တမလွန်ဘ၀လည်းရှိသည်ကို မယုံကြည်တဲ့ လူတွေသည်လည်း ဤနည်းနာ နိဿယ-၀ိပဿနာကို ၀င်ရောက် အားထုတ်ခဲ့ကြရာ သူတို့တွေသည်လည်း တရားအရာမှာ တိုးတက်မူများရရှိနေဆဲဖြစ်သည်ကို တွေ့ရှိနေရပါသည်။ ထို့ကြောင့် ယောဂီများသည် ထိုဟောပြောဖော်ပြချက်များကို လက်မခံချင်လျှင်လည်း လက်မခံကြပါနဲ့၊ ကျွန်ုပ်တို့ကလည်း " သင်တို့တစ်တွေအား ဒီဟော ပြောဖော်ပြ ချက်များကို လက်ခံကြရမည်" ဟု အတင်းအကျပ်မတိုက်တွန်းပါ။
သို့သော် ၀ိပဿနာတရားပြတာဝန်ရှိ ဆရာတစ်ဦးအနေနှင့်ကတော့ ကျွန်ုပ်ကိုယ်တိုင် ဘာနဲ့ပဲကြုံတွေ့ နေရ သည်ဖြစ်စေ၊ဘယ်လိုပဲ နားလည်သဘောပေါက်မူများနှင့် တွေ့ကြုံနေရသည်ဖြစ်စေ ထိုလက်မခံနိုင်သောသူများ၏ ရှေ့မှောက်ကို တကယ့်အမှန်
တရား, ဓမ္မကိုသာ ချပြသွားမည်ပင်ဖြစ်သည်။ ထိုသူတို့သဘောကျနှစ်သက်နေသည်များကိုချည်း လိုက်လျောပြီး၊ " အိုး ! နိုး - နိုး၊အတိတ်က အရင်ဘ၀ဆိုတာ တကယ်မရှိပါဘူး၊ နောင်တမလွန်ဆိုတာလည်း တကယ်မရှိပါဘူး "လို့ မပြောဆို၊ မဟောပြောပေးနိုင်ပါဘူး။ ဒါဆို လူတွေကို လမ်းမှား၊ အယူမှားတွေဖြစ်စေပါလိမ့်မည်။ ဒါကြောင့် ကျွန်ုပ်သည် အလွန်သတိကြီးစွာထားရပါသည်။ လူတွေက လက်ခံခြင်း၊ လက်မခံခြင်းသည် ကျွန်ုပ်၏ ပြဿနာ မဟုတ်ပါချေ။
မေး။ ။ ကျွှန်တော်တို့ တစ်တွေကို ဒုက္ခရောက်အောင် လုပ်နေကြသူတွေရှိကောင်းရှိနေမလားလို့ စဉ်းစားမိပါတယ်။
ဖြေ။ ။ ဘယ်သူကမျှ ဒုက္ခရောက်အောင် လုပ်နေလို့ မဟုတ်ပါ။ ကိုယ့်ဒုက္ခ ကိုယ်ဖန်တီးတာသာ ဖြစ်ပါတယ်။ စိတ်မှာ စနောင့်စနင်းဖြစ်လို့ မကျေနပ်မှု ၊ မခံချင်မှုဆိုတာတွေကြောင့် ဒုက္ခတွေကြုံကြရတာပါ။ အဲဒီစိတ်စနောင့်စနင်းဖြစ်တာဟာ ကိုယ်လုပ်တဲ့အလုပ်ပါ။ မလုပ်မိဖို့ စိတ်ကိုထိန်းကျောင်းတတ်ရင် ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံရကြုံရ စိတ်ကိုအေးအေး သာသာ ထားနိုင်လာပါလိမ့်မယ်။ အဲဒီအခါမှာ အမြဲပျော်ရွင်ချမ်းသာနေပါလိမ့်မယ်။
မေး။ ။ တစ်ယောက်ယောက်က ကိုယ့်ကိုမဟုတ်တာလုပ်ရင် ဘယ်လိုသဘောထားရမလဲ။
ဖြေ။ ။ မဟုတ်တာကို ဘယ်သူမျှမလုပ်စေနဲ့ ။ မဟုတ်တာလုပ်တဲ့သူဟာ သူတစ်ပါးအပေါ် အန္တရာယ်ဖြစ်စေရုံမျှမက မိမိကိုယ်ကိုလည်း အန္တရာယ်ပြုသူဖြစ်ပါတယ်။ မဟုတ်တာလုပ်တဲ့သူကို လက်ပိုက်ကြည့်နေရင် မဟုတ်တာလုပ် ဖို့ အားပေး အားမြှောက်လုပ်ရာ ရောက်ပါလိမ့်မယ်။ မလုပ်နိုင်အောင် ခွန်အားရှိသလောက် အသုံးပြုပြီး တားဆီးရပါမယ်။ စာနာစိတ် ၊ သနားစိတ်မရှိသူကို ဆန့် ကျင်ရမှာဖြစ်ပါတယ်။ ကိုယ့်က ဒေါသစိတ် ၊ မုန်းတီးစိတ်နဲ့ တားဆီးရင်တော့ အခြေအနေ ပိုဆိုး သွားလိမ့်မယ်။
မတော်တာလုပ်နေတဲ့သူတစ်ယောက်အပေါ်မှာ မေတ္တာထားပြီး ကြားဝင်ရဖို့ ဆိုတဲ့ ကိစ္စမှာ ကြားဝင်ရဲ့ စိတ်က တည်ငြိမ် အေး ချမ်းနေမှသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွင်း သန္တာန်မှာ အေးချမ်းနေအောင် အားထုတ်ပါ။ တည်ငြိမ် အေးချမ်း တဲ့စိတ်ရှိ သူအဖို့ ပြဿနာကိုဖြေရှင်းနိုင်ပါလိမ့်မယ်။
မေး။ ။ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုမရှိတဲ့ကြားမှာ ကိုယ့်အတွင်းသန္တာန်မှာ ငြိမ်းချမ်းမှုရှာတာဟာ အဓိပ္ပာယ်ကင်းမနေ ပေဘူးလား။
ဖြေ။ ။ ကမ္ဘာသူ ကမ္ဘာသားမှာ ငြိမ်းချမ်းမှုရှိကြမှသာ ကမ္ဘာငြိမ်းချမ်းပါလိမ့်မယ်။ လူတစ်ယောက်စီရဲ့ စိတ်မှာ ပြောင်းလဲဖို့ ကိစ္စကို အရင်စပြီးလုပ်ကြမှာဖြစ်ပါတယ်။ တောတစ်ခုညှိုးခြောက်နေရင်တောင် တောထဲရှိ သစ်ပင်တစ် ပင်စီကို ရေလောင်းပေးမှသာ တောဟာ ပြန်လည်လန်းဆန်းစိုပြေလာနိုင်ပါလိမ့်မယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင် ကိုယ်တိုင်က ငြိမ်းချမ်းစွာနေ တတ်ေ အာင် လေ့လာအားထုတ်ဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်ပယောဂနဲ့  ကမ္ဘာ ကို ငြိမ်းချမ်းအောင် လုပ်နိုင်မှာဖြစ်ပါတယ်။
ဆက်ပါအုံးမည်

No comments:
Post a Comment