" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Friday, March 9, 2012

ဆရာကြီး ဦးဂိုအင်ကာ နှင့် ဝိပဿနာ အမေးအဖြေများ ၁


S.N. Goenka and His Teacher Sayagyi U Ba Khin

ဂုရုကြီး ဂိုအင်ကာ ၏ ၀ိပဿနာ ဆိုင်ရာ အမေးအဖြေများသည် လူအားလုံးတို့၏ တကယ့်လက်တွေ့ ဘ၀ထဲတွင် အခက်အခဲများကို ရင်ဆိုင်နည်း၊ သောက များကို ဖြေဖျောက်နည်း စသည်ဖြင့် အတုယူစရာ၊ လိုက်နာ ကျင့်ကြံအားထုတ် စရာအချက်အလက်များ အများအပြား ပါဝင်နေတာမို့  ကြိုက်နှစ်သက်သောကြောင့် မှတ်တမ်းအဖြစ် ကူးယူ သိမ်းထား လိုက်ပါသည်။

မေး ။    ။   တကယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော်တို့ရဲ့ ဘဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခပေးနေတယ်ဆိုရင် ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ ။

 ဖြေ ။    ။  ခင်ဗျားရဲ့ ပထမဆုံးလုပ်ငန်းက တခြားသူကို ပြုပြင်ဖို့ ကြိုးစားရမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကြိုးစားရမှာ ။ တစ်စုံတစ်ယောက်က ခင်များကို ဒုက္ခရောက်အောင် လုပ်တယ် ။ ဒါပေမယ့် ခင်များကလည်း ဒုက္ခတွေ ရောက်လာတယ်ဆိုတာဟာ အဲဒီလူရဲ့ကြိုးစားမှုကို ခင်ဗျားက တုံ့ပြန်နေလို့သာ ဖြစ်ပါတယ်။ တကယ်လို့သာ ခင်ဗျားဟာ ခင်များကိုယ်တိုင်ရဲ့ တုံ့ပြန်မှုကိုဘယ်လိုရှုမှတ်ရမယ်ဆိုတာ လေ့လာသင်ကြားထားမယ်ဆိုရင် ဘယ်လိုလူမျိုးကမှ ခင်ဗျား ကို ဒုက္ခရောက်အောင် လုပ်နိုင်မယ် မဟုတ်ပေဘူး ။

 တကယ်လို့ ခင်ဗျားကာ စိတ်အတွင်းနက်နက်မှာ တည်ကြည်ငြိမ်သက်မျှတမှု ( ဥပေက္ခာတရား ) ကိန်းအောင်းေ  နအောင်   လေ့လာသင်ကြားထားမယ်ဆိုရင် ဘယ်လိုလူမျိုးကမှ ဘယ်လောက်ကြီးတဲ ဒုက္ခတွေ ပေးပေး ခင်များကိုတော့ ဒုက္ခရောက်အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး ။ အခု နည်းစနစ်က ခင်ဗျားကို အကူအညီပေးပါလိမ့်မယ် ။ ခင်ဗျားဟာ အတွင်းနက်နက်မှာ ရှိတဲ့ ဒုက္ခများက လွတ်မြောက်လာတာနဲ့ တစ်ပြိုင်နက် အဲဒီလွတ်မြောက်မှုဟာ တခြားသူများကိုလည်း စတင်အကျိုးသက်ေ ရာက်မှုတွေ ဖြစ်လာတော့တာပါပဲ ။ ခင်ဗျားကို အန္တရာယ်ပြုနေတဲ့လူ ကိုယ်တိုင်လည်း   ဖြည်းဖြည်းချင်း စတင်ပြောင်းလဲ လာတော့ ပါပဲ ။

 မေး ။    ။ စိတ်ဓာတ်ကျဆင်းခြင်း ဆိုတာ ဘာပါလဲ ။ ဒါဟာ အပြင်ပိုင်းပြဿနာလား ၊ အတွင်းပိုင်း ပြဿနာလား ။

 ဖြေ  ။    ။ ပြဿနာအားလုံးဟာ အတွင်းက လာတာချည်းပဲ ။ အပြင်ကလာတဲ့ ပြဿနာ မရှိဘူး ။ အတွင်းကို နက်နက် ရှိုင်းရှိုင်းရောက်အောင် သွားပါ။ ခင်ဗျားရဲ့ ဒုက္ခဖြစ်ရခြင်း အကြောင်းအရင်းကို ရှာဖွေပါ ။ အဲဒီအခါ အကြောင်းအရင်း အားလုံးဟာ ခင်ဗျာကိုယ်တွင်းမှာသာ ကိန်းအောင်းနေတာကို ဖယ်ရှားလိုက်ပါ။ ခင်ဗျားဟာ ဒုက္ခတွေက လွတ်မြောက် သွားပါလိမ့်မယ်။

 မေး ။    ။ ဆင်းရဲဒုက္ခတွေ ခံစားရခြင်း စစ်မက်တွေ ဖြစ်ပွားခြင်းနဲ့ ပဋိပက္ခတွေဟာ သမိုင်းနဲ့ချီပြီး ကြာညောင်းခဲ့ပါပြီ။ ငြိမ်းချမ်းတဲ့ ကမ္ဘာဆိုတာကို ဆရာကြီး တကယ် ယုံကြည်ပါသလား။

 ဖြေ ။    ။ ကောင်းပါပြီ။ လူနည်းနည်းလေးပဲ ဒုက္ခနယ်က လွတ်တယ်ဆိုရင်တောင်မှ ဒါဟာ ကောင်းတဲ့ အချက်ပဲ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီးစိုးနေချိန်မှာ မီးအိမ်လေးတစ်ခု ထွန်းညှိလို့ အလင်းရောင်ပေးနိုင်ခဲ့ရင် ဒါဟာ   ကောင်းတဲ့အချက်ပဲ။ ဒီလိုပဲ မီးအိမ်တစ်ခုက ဆယ်ခု ဖြစ်လာမယ် ၊ အခုနှစ်ဆယ်ဖြစ်လာမယ် ဆိုတဲ့ အခါမှာ အမှောင်ထု ဟာ ဟိုနေရာတစ်ကွက် ဒီနေရာ တစ်ကွက် ပျောက်ကွယ်စပြုလာပါလိမ့်မယ်။ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းလာမယ် လို့တော့ အာမ မခံနိုင်ဘူး ။ ဒါပေမယ့် ခင်ဗျားကိုယ်ခင်ဗျား ငြိမ်းချမ်းအောင် လုပ်နိုင်လေလေ ခင်ဗျားအနေနဲ့ ကမ္ဘာကြီးငြိမ်း ချမ်းရေးမှာ ကူညီနိုင်လေလေ ဖြစ်လာပါလိမ့်မယ် ။

 အမေး ။ ။ ၀ိပဿနာသည် ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မူ၏ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ပါလားခင် ဗျာ..အခြား ဘာသာဝင်များကရော ၀င်ရောက်အားထုတ်ကျင့်ကြံနိုင်ပါသလား။ အခြားဘာသာများ၏ကျင့်နည်းများကို အနှောက် အယှက်ပေးမူရှိနေပါသလား။ခရစ်ယာန်ဘာသာဝင်များကလည်းဘယ်လိုအကြောင်းများကြောင့်လိုလိုလားလား ၀င်ရောက် အားထုတ်ကျင့်ကြံချင်ကြပါသလဲ - ခင်ဗျာ..။

 ဖြေ ။ ။ ဒါကိုလဲ ရှင်းရှင်းလင်းလင်းသိထားသင့်ပါသည်။ ၀ိပဿနာသည် ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မူ တစ်ခုတည်းအတွက်ဟု ဆိုလိုရင်း မဟုတ်ပါ။ တစ်ချိန်တည်းမှာ ဗုဒ္ဓ၏ လမ်းညွှန်သင်ပြထားခဲ့သည့်နည်းဖြစ်သည်ဟုလည်း ဆိုလိုပါသည်။ ဗုဒ္ဓ-ဆိုသည်မှာ မချွင်းမကျန်အလုံးစုံသိမြင်တော်မူသော သဗ္ဗညုတဥာဏ်တော်ကို ရရှိပြီးသော, ကိလေသာ အညစ်အကြေးဆို၍ မြူမှုံမျှပင် မရှိအောင်ပယ်သတ်ကင်းစင်ပြီးသော, ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်ပြီးသော, နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသော ပုဂ္ဂိုလ်ဖြစ် သည်။

ထိုကဲ့သို့သော အရိယာပုဂ္ဂိုလ်တို့သည် ယုံကြည်ကိုးကွယ်မူ-ဘာသာအယူဝါဒတစ်ခုကို မည်သည့်အခါမှသင်ပြစည်းရုံး ထူထောင်နေမည်မဟုတ်ချေ။ဤစကြာဝဠာတစ်တိုက်လုံးနှင့်ဆိုင်သည့်အကျုံးဝင်သည့်,အမြဲမှန်ကန်ကောင်းမွန်အကျိုးပြုနေမည့်,ဘ၀တွင်မှန်ကန်ကောင်းမွန်ချမ်းသာစွာနေထိုင်ခြင်း နည်း,အတတ်-ပညာကိုသာ သင်ပြလမ်းညွှန်ကြမည်ဖြစ်သည်။
 ထို့အပြင်ဂိုဏ်းဂဏတစ်ခုခု-သို့မဟုတ်-ယုံကြည်ကိုးကွယ်မူ-ဘာသာ-အယူဝါဒတစ်ခုခုကိုဘယ်သောအခါမှ မထူထောင် ကြချေ။ ထို့ကြောင့်ဗုဒ္ဓရှင်တော်မြတ်သည်လည်း ဗုဒ္ဓဘာသာဟူသော ယုံကြည်ကိုးကွယ်မူ-ဘာသာ-အယူဝါဒ-ဂိုဏ်းဂဏကိုတည်ထောင် ခဲ့ခြင်းမရှိချေ။ ထို့ကြောင့် ၀ိပဿနာသည်လည်း ဘ၀နေနည်းထိုင်နည်းအတတ်ပညာ --နည်းတစ်ရပ်ပင်ဖြစ်သည်။

မည်သည့်လူမူအဖွဲ့အစည်းမှ၊ မည်သည့်ယုံကြည်ကိုးကွယ်မူ-ဘာသာ-အယူဝါဒတစ်ခုခုမှ မည်သူမဆို အခက်အခဲမရှိပဲ ၀င်ရောက်အားထုတ်ကျင့်ကြံနိုင်ကြပါသည်။ ဘာကြောင့်လည်းဆိုတော့ ၀ိပဿာနာသည် စကြာဝဠာတစ်တိုက် လုံးနှင့် သက်ဆိုင်နေသော, အမြဲမှန်ကန်သော ဘ၀နေနည်းထိုင် နည်းအတတ်ပညာ-နည်းကောင်းတစ်ခုဖြ စ်သော ကြောင့် ဖြစ်ပါသည်။ လူတိုင်းလူတိုင်းတို့သည် စိတ်၏ငြိမ်းအေးမူအစစ်အမှန်၊ စိတ်၏ သန့်ရှင်းစင်ကြယ်မူ အစစ်အမှန် ကိုရှာဖွေကြပါသည်။

ခရစ်တော်သည်လည်း ကြည်ညိုဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တစ်ပါးဖြစ်ခဲ့ပါသည်။ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ညီညွတ်မျှတ စွာ နေထိုင်တတ်ရန်သာမက စိတ်ကောင်းစိတ်မြတ်များဖြစ်သော မေတ္တာ၊ ကရုဏာ၊မုဒိတာစိတ်များကိုလည်း ပွားများစေရန် သင်ပြဆုံးမပေးခဲ့ပါသည်။ဒါကြောင့်လည်း ခရစ်တော်၏ သင်ပြဆုံးမပေးခဲ့သည်များကို ယုံကြည်လိုက်နာကြသည့် ခရစ်ယာန်ဘာသာဝင်များသည် စိတ်ကောင်းစိတ်မြတ်များဖြစ်သည့် မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ်များကို ပွားများသည့် ကျင့်ကြံမူကို သဘောတွေ့နှစ်ခြိုက်ခဲ့သည်မှာအသေအချာဖြစ်သည်။

ထိုသူများသည် ၀ိပဿနာတရားပတ်များသို့ ၀င်ရောက်အားထုတ်ကြသည့်အခါများ၌ အခြားယုံကြည်ကိုးကွယ်မူ-ဘာသာ- အယူဝါဒတစ်ခုခုသို့ ၀င်ရောက်အားထုတ်နေရသည်ဟု မခံစားကြရပေ။ထို့အပြင် အလွန်အဆင့်မြင့်သော ခရစ်ယာန် ဘုန်း တော်ကြီးများနှင့် သီလရှင်ကြီးများက ခရစ်ယာန်ဘာသာဝင်များကို သင်ပြဆုံမထားမူ-နည်းများသည် ဗုဒ္ဓ၏ နည်းများထဲ ၌လည်းတွေ့ရသည်ဟု ကျွန်ုပ်ကို ပြောပြခဲ့ပါသေးသည်။

ဆက်ပါအုံးမည်…

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...