" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Tuesday, February 21, 2012

အသုဘ


အရိုးကို တိုင်လိုထူ၊
အကြောကို တုတ်လို့ချီ
အသားနီနီ မံကာထား၊
ပြင်က အရေပါး၊

မိုးကာထားတဲ့ ရုပ်ကိုဆောင် ၃၂ ပါးကောင်၊
လှသယောင်ယောင် ထင်နေကြ
ငါလဲ အသုဘ။
ပ သယောင်ယောင် ထင်နေကြ၊
နင်လဲ အသုဘ။
သုဘပဲလို့ တွေးဆတယ်၊
မိုက်လှသူတို့ရယ်။
ပြင်ပခန္ဓာ မြင်နေတုန်း ပျော်ကြ တပြုံးပြုံး၊

အ၀ိဇ္ဇာဖုံးလို့ ကန်းကြတယ်
ဝိဇ္ဇာရှာမှကွယ်။
ပညတ်ကိုကွယ် ဥာဏ်ပယ်ရှား
ပရမတ်သဘောတရား၊
မမြဲဘူးလို့ တွေ့ရတာ ၃၂ ကောဋ္ဌာ၊
မြဲသည့်အရာ ရှာ- မရှိ၊
ဆင်းရဲမှု အတိ။

ဆင်းရဲခြင်းက လွတ်ဖို့ရာ မဂ္ဂင်ရှစ်ပါးဟာ၊
ကျင့်သုံးနိုင်သူ အရေပါး၊
ထိုးဖောက်မြင်စေသား။          

ရေးစပ်သူ= သာသနာပြု ယောဂီပုဂ္ဂိုလ်တစ်ဦး

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...