" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Wednesday, January 18, 2012

ဖြုတ်ကနဲ ဖြုတ်ကနဲ



၁။ ဖြုတ်ကနဲ ဖြုတ်ကနဲ ဆိုပြီး
သစ်ရွက်တွေ ရင့်ရော်
သီးကင်းလေးတွေ သွေ့ခြောက်ပြီး
ကြွေကျနေလိုက်တာ၊
အချိန်တိုင်းပဲ၊
၂။ ဟိုတစ်ချိန်တုန်းကတော့ ကြာပန်းလေးတွေ
နေလောင် ညှိုးနွမ်းတာကို မြင်ပြီး
မဟာပဒုမဇာတ်တော်မှာ
မင်းသားငါးရာ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ဖူးတယ်၊

၃။ ဒီနေ့ ဦးကြီးတယောက်ဆုံးတယ် တဲ့၊
ခေါင်းမူးတယ် ဆိုပြီး ထာဝရ အိပ်စက်သွားလေရဲ့၊
အသက်(၈၅) နှစ်ကျော် အဘိုးအိုတစ်ယောက်အတွက်
ရက်ပေါင်းများစွာ သီလတွေစောင့်ခဲ့၊
အကြိမ်ပေါင်းများစွာ ဒါနတွေပြုခဲ့၊
ဘာဝနာတွေ ပွားများခဲ့တာတွေက အတုယူစရာပါပေ။

၎။ ရင့်မှည့်နေတဲ့ သစ်သီးတစ်လုံး ကြွေကျသလို၊
သဘာဝကို မလွန်ဆန်နိုင်ပဲ
မြေခခဲ့ရတာ ၀မ်းနည်းစရာ မဖြစ်ခဲ့ပါဘူး၊
ပန်းတွေ ကြွေတာလဲ ခဏခဏ၊
သစ်ရွက်တွေ မြေခတာလဲ အကြိမ်ကြိမ်၊
တွေ့နေပေမယ့် တရားမမြင်နိုင်ခဲ့ဘူး၊

၅။ နောက်ဆုံးမှာတော့…
ကိုယ်မသိ၊ မမြင်ဖူးသူတွေလဲ ဖြုတ်ကနဲ၊
မိတ်ဆွေတွေလဲ ဖြုတ်ကနဲ၊
သူငယ်ချင်းတွေလဲ ဖြုတ်ကနဲ၊
ဆွေမျိုး မိဘတွေလဲ ဖြုတ်ကနဲ နဲ့
အော်…
ငါသာ အကယ်၍
ဖြုတ်ကနဲ…
ကြွေလွင့်ခဲ့ရင် ….

အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 18.Jan. 2012

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...