" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Tuesday, October 25, 2011

ဘယ်သူတားလို့ ရသလဲ ?


၁။ အို-ရမည့်ဘေး မရောက်သေး မျှော်တွေး ဆင်ခြင်ပါ၊
မအို-သေးခင် တရားဝင် အဆင်ပြေလှသည်၊
အိုသောခါတွင် တရားဝင် အဆင်မပြေပြီ၊
အိုသောခါမှ တရားမရ မှားကြပါလိမ့်မည်။

၂။ နာ-ရမည့်ဘေး မရောက်သေး မျှော်တွေးဆင်ခြင်ပါ၊
မနာ-သေးခင် တရားဝင် အဆင်ပြေလှသည်၊
နာသောခါတွင် တရားဝင် အဆင်မပြေပြီ၊
နာသောခါမှ တရားမရ မှားကြပါလိမ့်မည်။

၃။ သေ-ရမည့်ဘေး မရောက်သေး မျှော်တွေး ဆင်ခြင်ပါ၊
မသေ-သေးခင် တရားဝင် အဆင်ပြေလှသည်၊
သေခါနီးတွင် တရားဝင် အဆင်မပြေပြီ၊
သေခါနီးမှ တရားမရ မှားကြပါလိမ့်မည်။

၎။ အို-နာ-သေရေး၊ ဒုက္ခဘေး၊ ငွေပေး မလွတ်ပြီ၊
အိုဘေး နာဘေး သေဘေးရင်ဆိုင်၊
သမီးနှင့် သား ကုစားမနိုင်၊
အမိ အဖ ရှိကလက်မှိုင်၊
မဂ္ဂင်ပွား တရားသူကနိုင်။

ကျေးဇူးတော်ရှင် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကြီး၏ ဓမ္မသံဝေဂကဗျာကို အောက်တိုဘာ (၂၇)ရက်နေ့တွင် ကျရောက်မည့် မိမိမွေးနေ့အတွက်  ပြန်လည်ဖော်ပြပါသည်။

2 comments:

mstint said...

ဒီကနေ့ ၂၇ရက် အောက်တိုဘာလမှာ ကျရောက်တဲ့ ဘုန်းဘုန်းရဲ့ မင်္ဂလာရှိသော မွေးနေ့ရက်မြတ်ကို တပည့်တော်လာရောက်ပြီး တောင်းဆုပြုခဲ့ပါတယ် ဘုရား။
ဘုန်းဘုန်းဘဝ ထာဝရ အေးချမ်းပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် သာသာနအကျိုး ဆထက်တိုးပြီး ဆောင်ရွက်နိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား အရှင်ဘုရား။

မေတ္တာဖြင့်
အန်တီတင့်

ကိုမျိုး (အညာမြေ) said...

အရှင်ဘုရား..

မင်္ဂလာရှိသော မွေးနေ့ရက်မြတ် ပါဘုရား။

Happy Birthday :)

အရှင်ဘုရား စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း ဖြင့် အစဉ်ပြည့်စုံပြီး သာသနာအကျိုး၊ လူမှုအကျိုး ဆထက်တိုးလို့ ထမ်းပိုးဆောင်ရွက် အောင်မြင်နိုင်ပါစေ ဘုရား....


ကိုမျိုး

LinkWithin

Related Posts Plugin for WordPress, Blogger...