" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Tuesday, October 25, 2011

သံသရာလည်ခြင်း တရားခံ



ငါတို့နေရာ ဒီကမ္ဘာ တဏှာ အုပ်စိုးသည်၊
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်၊
ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်၊
တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သားမကယ်ပြီ၊
 
ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြများလှပြီ၊
ခဏမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ၊
ဇရာမီးတောင် ကိုယ်ထည်း(ထဲ)လောင် သေအောင်မြိုက်တော့သည်၊
 
မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ၊
ဒါန သီလ ဘာဝနာ လမ်းသာ ထွင်လိမ့်မည်၊
မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည် ။

0 comments:

LinkWithin

Related Posts Plugin for WordPress, Blogger...