ကျွန်တော်ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးတော်တော်များများက သေခြင်းတရားနှင့်ပတ်သက်တာတွေချ ည်းဖြစ်နေခဲ့တော့ ဒီတစ်ခါတော့ ရှင်တာနှင့်ပတ်သက်ပြီး ပြောင်းရေးလိုက်အုံးမယ်လို့တွေး ရင်း ဒီပို့စ်ကို အရှင်သုနန္ဒာလင်္ကာရ (ဘုန်းဘုန်း ပန်းကမ္ဘာ)(http://www.dhammayaungchi.com )မွေးနေ့အတွက်ရေးဖြစ်သွားပါတယ်။
..........................
..........................
လူတိုင်းအသက်ရှည်ရှည်နေချင်သလား လို့မေးကြည့်ရင် အားလုံးနီးပါးက နေချင်ကြတယ်လို့ပဲ ပြန်ဖြေကြမှာပါ။ ကိုယ့် မျက်စိရှေ့ မှာ တွေ့မြင်နေရတဲ့ အသက်အရွယ်ကြီးရင့်တဲ့သူတွေကို ကြည့်ပြီး ကျွန်တော်တွေးမိတာရှိပါတယ်။ မြန်မာ တွေပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိတယ်။ “ဘုန်းကြီးလို့ အသက်ရှည်တယ်” ဆိုတဲ့စကားပါ။ တချို့ က အသက် တော့ရှည်ကြတယ်။ ဒါပေမယ့် ဘုန်းကံနည်းပါးကြတော့ အသက်မွေးနေထိုင်ရတာ ခက်ခဲပင်ပန်းဆင်းရဲကြရတယ်။ တချို့ ကတော့ ဘုန်းကြီးပေမယ့် အသက်ကတော့ မရှည်ကြရှာဘူး။ များသောအားဖြင့် လူတော်တွေ၊ ပါရမီရှင်တွေ အတော်များ များ အဲဒီအမျိုးအစားထဲ ပါဝင်နေကြသလိုပဲ။ လူကောင်းတွေဆို စောစောစီးစီးသေလိုက်ကြတာ တဖြုတ်ဖြုတ်နဲ့။
ကျွန်တော်တွေးမိတာက ဘုန်းကြီးရုံ၊ အသက်ရှည်ရုံနှင့် လူတစ်ယောက်အတွက် ဘ၀မှာ အဓိပ္ပါယ်လုံလောက် ပြည့်စုံ ပြီလား ဆိုတာပါဘဲ။
ကမ္ဘာပေါ်မှာ အာဏာရှင်တချို့ ဆို အသက်တွေအရှည်ကြီးနေပြီး ဘုန်းကံတွေကလည်း ကြီးလိုက်ပါဘိသနဲ့။ သူတို့ဘ ၀တွေကိုပဲကိုယ်ကအားကျရတော့မလား။
တချို့ လည်း ငွေကြေးသြဇာတွေတော့ တောင့်တင်းပါတယ်။ ကျန်းမာရေးက ချို့ တဲ့ပြီး လူတွေရဲ့ အပြုစုခံ အစောင့် ရှောက်ခံ အဖြစ်နှင့် အသက်တွေအရှည်ကြီးနေနေကြတာမျိုးေ တွလည်း တွေ့မိတယ်။ သူတို့လိုမျိုးဆိုရင်ရော။
တချို့ လည်း အစစအရာရာပြည့်စုံ၊ ကျန်းမာရေးကလည်း ကောင်း၊ အသက်အရွယ်တွေကြီးရင့်တဲ့အချိန် အထိ အပျော်အပါး၊ အသောက်အစားတွေနှင့်ကာမဂုဏ်တွေနှင့်အဆီရစ်နေကြဆဲ။သူတို့ဘ၀လိုမျိုးရော။
ကျွန်တော်ရောက်နေတဲ့နိုင်ငံကလူ မျိုးတွေလို မွေးကတည်းက ဘ၀နှင့်အလုပ်ကို ထပ်တူပြုထားပြီး အလုပ်မလုပ်နိုင် တော့တဲ့နေ့ ဟာသေတဲ့နေ့ပဲဆိုတာလိုမျိုးရော။
အသက်ရှည်ရမယ်ဆိုရင်ဘယ်လိုဘ၀ပုံစံမျိုးနေထိုင်ရှင် သန်မလဲလို့ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်မိပါတယ်။
.............................. ........
ကျွန်တော့်ဘ၀မှာ Role Model တွေထဲအပါအ၀င်ဖြစ်တဲ့ အဖွားကြီးသားအမိနှစ်ယောက်ရှိပါ တယ်။ သူတို့က ကျွန်တော်နှ င့် ဆွေ မတော်၊ မျိုးမစပ်ပေမယ့် ဘယ်ဘ၀ကရေစက်တွေကြောင့်လည်း မသိ။ ကျွန်တော် နှင့် သူတို့ ဟာ မြေးအဖွားေ တွလိုမျိုး သံယောဇ ဉ်တွေနှင့်ချစ်ခင်ကြတယ်။
အမေလုပ်တဲ့ အဖွားက သီပေါမင်းပါတော်မူတဲ့နှစ်မှာမွေးပါတယ်။ သူအသက်ငယ်ငယ် အရွယ်ကောင်းတုန်းမှာပဲ ခင်ပွန်း ဆုံးပါးသွားပြီး သမီးတစ်ယောက်နှင့် ဘ၀ကို နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ တယ်။ သမီးလုပ်တဲ့ အဖွားကလည်း သူ အသက် ၂၀ ကျော်အရွယ်မှာ ဖခင်ဆုံးသွားခဲ့တော့ အမေကို ပြုစုဖို့ အိမ်ထောင်သားမွေးကိစ္စတွေကို မျက်ကွယ်ပြုခဲ့တယ်။
ကျွန်တော်လမ်းလျှောက်တတ်တဲ့အရွ ယ်မှာ အမေဖြစ်သူ ဖွားဖွားကြီးက အသက် (၉၀) နားကပ်နေပြီ။ သမီးလုပ်တဲ့သူက (၇၀)ကျော်အရွယ်။
သမီးလုပ်တဲ့သူ အသက် (၄၀)အရွယ်လောက်မှာပဲ သားအမိနှစ်ယောက်လုံး တရားအလုပ်ကို ဇောက်ချအားထုတ်ခဲ့ကြ တော့တယ်။ ဒီလိုနှင့် နောက်ပိုင်းတော့ သူတို့ပိုင်ဆိုင်တာတွေ အားလုံးရောင်းချပစ်ပြီး ရိပ်သာတစ်ခုမှာ အပြီးနေ ထိုင်လိုက်ကြတယ်။
သူတို့နှစ်ယောက်ရဲ့ ထူးခြားချက်တွေကိုပြောပြချင်ပါ တယ်။ သားအမိနှစ်ယောက်လုံးဟာ အသက်အရွယ်တွေသာကြီး ကြတယ်။ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါဘဲ။ ဘာရောဂါမှ ကြီးကြီးမားမားမရှိဘူး။ အစားဆို ဘာမှ ရှောင်နေ စရာမလိုဘူး။ နား၊ မျက်စိတွေ အားလုံးကောင်းတယ်။ သူတို့ကို စကားပြောရင် ပုံမှန်လေသံနှင့်ပဲပြောလို့ရတယ် ။ မျက်စိ ကလည်း ဟိုးအဝေးကလာနေတဲ့သူ ဘယ်သူဆိုတာကို ကောင်းကောင်းမြင်တယ်။ သွားတွေအစုံမရှိတော့ပေမယ့် ထမင်း ကို ကောင်းကောင်းစားနိုင်တယ်။ သူတို့သားအမိစားဖို့ ထမင်းဟင်းကို သူတို့ကိုယ်တိုင်ပဲချက်တယ်။
ကျွန်တော်တွေးမိတာက ဘုန်းကြီးရုံ၊ အသက်ရှည်ရုံနှင့် လူတစ်ယောက်အတွက် ဘ၀မှာ အဓိပ္ပါယ်လုံလောက် ပြည့်စုံ ပြီလား
ကမ္ဘာပေါ်မှာ အာဏာရှင်တချို့ ဆို အသက်တွေအရှည်ကြီးနေပြီး ဘုန်းကံတွေကလည်း ကြီးလိုက်ပါဘိသနဲ့။ သူတို့ဘ ၀တွေကိုပဲကိုယ်ကအားကျရတော့မလား။
တချို့ လည်း ငွေကြေးသြဇာတွေတော့ တောင့်တင်းပါတယ်။ ကျန်းမာရေးက ချို့ တဲ့ပြီး လူတွေရဲ့ အပြုစုခံ အစောင့် ရှောက်ခံ အဖြစ်နှင့် အသက်တွေအရှည်ကြီးနေနေကြတာမျိုးေ
တချို့ လည်း အစစအရာရာပြည့်စုံ၊ ကျန်းမာရေးကလည်း ကောင်း၊ အသက်အရွယ်တွေကြီးရင့်တဲ့အချိန်
ကျွန်တော်ရောက်နေတဲ့နိုင်ငံကလူ
အသက်ရှည်ရမယ်ဆိုရင်ဘယ်လိုဘ၀ပုံစံမျိုးနေထိုင်ရှင်
..............................
ကျွန်တော့်ဘ၀မှာ Role Model တွေထဲအပါအ၀င်ဖြစ်တဲ့ အဖွားကြီးသားအမိနှစ်ယောက်ရှိပါ
အမေလုပ်တဲ့ အဖွားက သီပေါမင်းပါတော်မူတဲ့နှစ်မှာမွေ
ကျွန်တော်လမ်းလျှောက်တတ်တဲ့အရွ
သမီးလုပ်တဲ့သူ အသက် (၄၀)အရွယ်လောက်မှာပဲ သားအမိနှစ်ယောက်လုံး တရားအလုပ်ကို ဇောက်ချအားထုတ်ခဲ့ကြ တော့တယ်။ ဒီလိုနှင့် နောက်ပိုင်းတော့ သူတို့ပိုင်ဆိုင်တာတွေ အားလုံးရောင်းချပစ်ပြီး ရိပ်သာတစ်ခုမှာ အပြီးနေ ထိုင်လိုက်ကြတယ်။
သူတို့နှစ်ယောက်ရဲ့ ထူးခြားချက်တွေကိုပြောပြချင်ပါ
ဈေးကိုယ်တိုင် မသွားနိုင်ကြတော့လို့ သူများကို ဟင်းလျာမှာရပေမယ့် ချက်တာပြုတ်တာအားလုံးကို ကိုယ်တိုင်ပဲလုပ်ကြတယ်။ အမေ လုပ်တဲ့ အဖွားက ကုလား ထိုင်တစ်လုံးမှာထိုင်ပြီး ဆေးပြင်းလိပ်ကြီးကိုခဲ၊ ကွမ်းကိုဝါးရင်း သတင်းစာဖတ်တယ်။ တခါတလေ ဟင်းချက်ေ နတဲ့သူ့သမီးကို လှမ်းပြီး ဟိုလိုချက်၊ ဒီလိုချက်ဆိုပြီး လှမ်းပြောလိုက်သေးတယ်။ သမီးလုပ်တဲ့ အဖွားက ထင်းမီးဖိုတစ်လုံးနှင့် ထမင်းဟင်း သူတို့နှစ်ယောက်စာချက်တယ်။
မနက်တိုင်း ရိပ်သာက ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေကို ဆွမ်းလောင်းလိုက်သေးတယ်။ အ၀တ်ကို သမီးလုပ်တဲ့သူက လျှော်တယ်။ သူ့အမေရေချိုးဖို့ ရေ သူကိုယ်တိုင်ခပ်တယ်။ သူကိုယ်တိုင်ရေချိုးပေးတယ်။ အမေလုပ်တဲ့သူရဲ့  ဝေယျာ ၀စ္စအားလုံးကို သမီးအဖွားကြီးက အကုန်လုံးလုပ်ပေးတယ်။ သူတို့တွေမှာ ဆွေမျိုးတွေရှိပေမယ့် ဘယ်သူ့ကိုမှ အကူအညီ မတောင်းဘူး။တခြားတစိမ်းဘယ်သူ့ကိုမှလည်းအကူအညီမတောင်းဘူး။
ဒီလိုနှင့် အမေလုပ်တဲ့ ဖွားဖွားက အသက်(၁၀၄)နှစ်မှာ လူကြီးရောဂါနှင့်ဆုံးပါတယ်။ လူကြီးရောဂါဆိုတာ အရင်က ကျွန်တော် ဘာမှန်းမသိဘူး။ အဲဒီအဖွားဆုံးမှပဲ သဘောပေါက်တော့တယ်။ ဘာရောဂါမှ မယ်မယ်ရရမရှိပါဘူး။ သက်တမ်းစေ့တော့ ဘယ်လိုမှခန္ဓာကိုယ်အစိတ်အပိုင်းေ တွက ဆက်အလုပ်မလုပ်တော့ဘူး။ ဆရာဝန်က ကျွန်တော့်ကို အဲဒီတုန်းက ပြောတာ မှတ်မိသေးတယ်။ အဖွားရဲ့  organs တွေအားလုံးက over ripe ဖြစ်နေပြီတဲ့။ ဘာမှ လုပ်ပေးလို့ မရတော့ဘူးတဲ့။ ဆုံးတဲ့အချိန်အထိ သတိတစ်ချက်မလွတ်ပါဘူး။ သူငယ်တစ်ချက်မပြန်ခဲ့ဘူး။ အားလုံးကိုသိတယ်။ မှတ်မိတယ်။မှန်မှန်ကန်ကန်ကိုပြောနိုင်ဆိုနိုင်တယ်။
အမေဆုံးသွားတော့ သမီးလုပ်တဲ့အဖွားက အဲဒီဇရပ်မှာပဲ သူတစ်ယောက်တည်း ဆက်နေတယ်။ အရင်အတိုင်းပဲ သူ့ထမင်းသူချက်၊ သူ့အ၀တ်သူလျှော်၊ နေ့စဉ်ဝတ္တရားမပျက် ဆွမ်းဝတ်မပျက် ပုံမှန်အတိုင်းပါဘဲ။ ကျွန်တော်သူ့ဆီ သွားလည်ရင် ကျွန်တော့်အတွက် သူကိုယ်တိုင် ကော်ဖီဖျော်တိုက်တယ်။ အသက် (၉၀)ကျော် အဖွားကြီးက ကျွန်တော့်ကို ကော်ဖီဖျော်တိုက်တာ ဘယ်လိုမှ ကြည့်လို့ အဆင်မပြေတော့ ကျွန်တော်က မလုပ်ပါနှင့်ဆိုပြီး ကိုယ်တိုင်ဝင်လုပ်ရင် သူက ငြိမ်ငြိမ်ထိုင်နေစမ်းပါ ဆိုပြီး ဟောက်တတ်တယ်။
ဒီလိုနှင့် အမေလုပ်တဲ့ ဖွားဖွားက အသက်(၁၀၄)နှစ်မှာ လူကြီးရောဂါနှင့်ဆုံးပါတယ်။ လူကြီးရောဂါဆိုတာ အရင်က ကျွန်တော် ဘာမှန်းမသိဘူး။ အဲဒီအဖွားဆုံးမှပဲ သဘောပေါက်တော့တယ်။ ဘာရောဂါမှ မယ်မယ်ရရမရှိပါဘူး။ သက်တမ်းစေ့တော့ ဘယ်လိုမှခန္ဓာကိုယ်အစိတ်အပိုင်းေ
အမေဆုံးသွားတော့ သမီးလုပ်တဲ့အဖွားက အဲဒီဇရပ်မှာပဲ သူတစ်ယောက်တည်း ဆက်နေတယ်။ အရင်အတိုင်းပဲ သူ့ထမင်းသူချက်၊ သူ့အ၀တ်သူလျှော်၊ နေ့စဉ်ဝတ္တရားမပျက် ဆွမ်းဝတ်မပျက် ပုံမှန်အတိုင်းပါဘဲ။ ကျွန်တော်သူ့ဆီ သွားလည်ရင် ကျွန်တော့်အတွက် သူကိုယ်တိုင် ကော်ဖီဖျော်တိုက်တယ်။ အသက် (၉၀)ကျော် အဖွားကြီးက ကျွန်တော့်ကို ကော်ဖီဖျော်တိုက်တာ ဘယ်လိုမှ ကြည့်လို့ အဆင်မပြေတော့ ကျွန်တော်က မလုပ်ပါနှင့်ဆိုပြီး ကိုယ်တိုင်ဝင်လုပ်ရင် သူက ငြိမ်ငြိမ်ထိုင်နေစမ်းပါ ဆိုပြီး ဟောက်တတ်တယ်။
သူလမ်းလျှောက်ရင် ဘေးကနေတွဲပေးတာကို မကြိုက်ဘူး။ သူ့တောင်ဝှေးနှင့်သူအားပြုပြီးေ လျှာက်တယ်။
အထိုင်အထ တွေမှာ သူများကို အားမကိုးချင်တော့ ကိုင်စရာရှိတဲ့ နံရံတစ်ခုခု ဒါမှမဟုတ် တိုင်တစ်ခုခုဘေးမှာပဲ ရွေးပြီးထိုင်တယ်။ ထတဲ့အခါ အဲဒီ ကိုင်စရာ၊ ဒါမှမဟုတ် တိုင်ကို ကိုင်ပြီးထတယ်။ စကားပြောရင် အမြဲအားမာန်အပြည့်နှင့်ပြောတယ်။ တခါတလေစကားပြောနေရင်း လူတစ်ယောက်ယောက်နာမည် သူစဉ်းစားလို့မရတော့တဲ့အခါကျရင် “ဒီဦးနှောက်က လည်း မေ့တတ်လိုက်တာ” ဆိုပြီး အဲဒီနာမည်ကို မရ ရအောင် စဉ်းစားတယ်။ ဘုရားရှိခိုးစာတွေကို ကျွန်တော်ရွတ်ဖို့ဆိုပြီး သူကိုယ် တိုင်စာရွက်နှင့်ရေးပေး တာ လက်ရေးက ညီနေတာပဲ။ အသက် (၉၀) ကျော်ရဲ့ လက်ရေးပါလို့ ဘုရားစူးကြိမ်ပြောရမှာမျိုး။ သူ့မျက်နှာကိုကြည့်လိုက်ရင် အမြဲတမ်း လန်းဆန်းနေတတ်တယ်။
ဒီလိုနှင့် အဲဒီဖွားဖွားလည်း အသက် (၁၀၀)ပြည့်တဲ့နှစ်မှာ လူကြီးရောဂါနှင့်ပဲ ကွယ်လွန်ခဲ့ပါတယ်။ သူဆုံးခါနီး ရက်ပိုင်း လောက်အလိုမှပဲ တခြားလူရဲ့ အပြုအစုကို စပြီးခံပါတော့တယ်။ မခံလို့လဲမရတော့ဘူး။ အိပ်ယာထဲက မထနိုင်တော့တဲ့ အခြေအနေဖြစ်သွားပြီကိုး။ သူ့နောက်ဆုံးကွယ်လွန်ချိန်အထိ သတိက အားကောင်းနေဆဲရှိတုန်းပါ။ ခန္ဓာကိုယ်သက်တမ်း ကုန်လို့သာတစ်ဘ၀ကုန်လိုက်ရတဲ့သဘောပါပဲ။
သူတို့ သားအမိနှစ်ယောက်လုံးမှာ သီလလုံခြုံတာကတော့ အထင်အရှားတွေ့နိုင်ပါတယ်။ အမှတ်သတိအားကောင်း တာကတော့ သူတို့ အနှစ် (၆၀)ကျော် အားထုတ်ထားတဲ့ ၀ိပဿနာတရားရဲ့ ကျေးဇူးလို့ ပြောလို့ရပါတယ်။ သူတို့ဟာ သက်တမ်းစေ့နေသွားတာမှာ ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေခဲ့ပါဘူး။ ဘယ်သူ့ကိုမှလည်း အားမကိုးခဲ့ဘူး။ ရုပ်ရော၊ စိတ်ရော မှာ အားမာန်တွေနှင့်။ တကယ့် အာဂအဖွားကြီး နှစ်ယောက်ပါပဲ။ ကျွန်တော်လည်း တကယ်လို့များ အသက်ရှည်ရှည် နေရမယ်ဆိုရင်ေ တာ့ဒီအဖွားနှစ်ေ ယာက် လိုမျိုးနေနို င်ရင်တော့ကောင်းမှာပဲလို့တွေးမိပါတယ်။
.............................. ...
အသက်မသေနေဘူး၊ အသက်ရှူနေတာကြောင့် လူတစ်ယောက်ကို ရှင်သန်နေပါတယ်လို့ ပြောလို့မရနိုင်ဘူးလို့ ကျွန်တော် နားလည်မိပါတယ်။ ရှင်သန်ခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာပေါ်က ပညာရှင်အသီးသီးက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုး ဖွင့်ဆိုထားကြတာရှိ သလို အနုပညာရှင်တွေကလည်း ရှင်သန်ခြင်းကို ပုံစံအမျိုးမျိုးဖွဲ့ဆိုရေးသာြး က၊ တင်ဆက်ကပြ ထားကြတာေ တွရှိပါတယ်။ ချစ်ခြင်းမေတ္တာတွေနှင့်တွဲဖက်ြ ပီးဖွင့်ဆိုကြတယ်။ ကိုယ်ကျိုးမဖက် ပရဟိတလုပ်ငန်း တွေ လုပ်တာတွေနှင့် တွဲဖက်ပြီး ဖွင့်ဆိုကြတယ်။ ဘာသာရေးလုပ်ငန်းတွေ လုပ်တာတွေနှင့် တွဲဖက်ပြီး ဖွင့်ဆိုကြတယ်။
ကျွန်တော်တို့ ကိုးကွယ်ယုံကြည်ဆည်းကပ်ရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ ကီးကရော ရှင်သန်ခြင်းကို ဘယ်လို အဓိပ္ပါယ်ဖွင့် ဆိုခဲ့ပါသလဲ။
ဓမ္မပဒ၊အပ္ပမာဒ၀ဂ်မှာမြတ်စွာဘုရားရှင်က....
အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
လို့ဟောတော်မူထားပါတယ်။အဓိပ္ပါယ်က“မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေ သည် မည်ကုန်၏။” တဲ့။
အသက်တွေ ဘယ်လောက်ပဲရှည်ရှည်နေခွင့်ရနေပါ စေ၊ သတိတရားမရှိပဲ နေနေကြမယ်ဆိုရင် ဒီလူရဲ့  ဘ၀ကို ရှင်သန်နေ တယ်လို့ ပြောလို့ လုံးဝမရနိုင်ဘူးဆိုတာကို မြတ်စွာဘုရားရှင်က အတိအလင်းဟောကြားထား ခဲ့တာပါ။ မြတ်စွာဘုရားရှင်ရဲ ရှင်သန်ခြင်းဖွင့်ဆိုချက်ပါ။
ကျွန်တော်တို့အားလုံး မွေးတဲ့အချိန်ကစလို့ ယနေ့တိုင်အောင် နှစ်တွေဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းနေ ထိုင်ခဲ့ကြပြီး ပါပြီ။ ကျွန်တော်တို့တွေ တကယ်ရှင်သန်နေတာရောဟုတ်ရဲ့ လား၊ အသက်ရှင်လျက် သေနေကြတာများလား ဆိုတာကိုကတော့ ကိုယ့်ဖာသာပဲသိနိုင်ကြလိမ့်မယ်လို့ထင်မိကြောင်းပါခင်ဗျာ။
(ဘုန်းဘုန်းပန်းကမ္ဘာရဲ့  သက်တော် (၃၃)နှစ်မြောက်မွေးနေ့မှသည် သက်တမ်းပြည့် သက်တမ်းစေ့ ရှင်သန်နေ ထိုင်သွားနိုင်ပါစြေေ ကာင်း ဆုတောင်းမေတ္တာပို့သရင်း ဒီပို့စ်ကို ရေးသားပူဇော်အပ်ပါတယ်ဘုရား။ )
ရိုသေလေးစားစွာဖြင့်
ဝိမုတ္တိသုခ
(27.10.2011)
ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.org
www.saddhammaramsi.blogspot. com
သူတို့ သားအမိနှစ်ယောက်လုံးမှာ သီလလုံခြုံတာကတော့ အထင်အရှားတွေ့နိုင်ပါတယ်။ အမှတ်သတိအားကောင်း တာကတော့ သူတို့ အနှစ် (၆၀)ကျော် အားထုတ်ထားတဲ့ ၀ိပဿနာတရားရဲ့ ကျေးဇူးလို့ ပြောလို့ရပါတယ်။ သူတို့ဟာ သက်တမ်းစေ့နေသွားတာမှာ ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေခဲ့ပါဘူး။ ဘယ်သူ့ကိုမှလည်း အားမကိုးခဲ့ဘူး။ ရုပ်ရော၊ စိတ်ရော မှာ အားမာန်တွေနှင့်။ တကယ့် အာဂအဖွားကြီး နှစ်ယောက်ပါပဲ။ ကျွန်တော်လည်း တကယ်လို့များ အသက်ရှည်ရှည် နေရမယ်ဆိုရင်ေ တာ့ဒီအဖွားနှစ်ေ ယာက် လိုမျိုးနေနို
..............................
အသက်မသေနေဘူး၊ အသက်ရှူနေတာကြောင့် လူတစ်ယောက်ကို ရှင်သန်နေပါတယ်လို့ ပြောလို့မရနိုင်ဘူးလို့ ကျွန်တော် နားလည်မိပါတယ်။ ရှင်သန်ခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာပေါ်က ပညာရှင်အသီးသီးက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုး ဖွင့်ဆိုထားကြတာရှိ
ကျွန်တော်တို့ ကိုးကွယ်ယုံကြည်ဆည်းကပ်ရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ
ဓမ္မပဒ၊အပ္ပမာဒ၀ဂ်မှာမြတ်စွာဘုရားရှင်က....
အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
လို့ဟောတော်မူထားပါတယ်။အဓိပ္ပါယ်က“မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေ သည် မည်ကုန်၏။” တဲ့။
အသက်တွေ ဘယ်လောက်ပဲရှည်ရှည်နေခွင့်ရနေပါ
ကျွန်တော်တို့အားလုံး မွေးတဲ့အချိန်ကစလို့ ယနေ့တိုင်အောင် နှစ်တွေဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းနေ ထိုင်ခဲ့ကြပြီး ပါပြီ။ ကျွန်တော်တို့တွေ တကယ်ရှင်သန်နေတာရောဟုတ်ရဲ့ လား၊ အသက်ရှင်လျက် သေနေကြတာများလား ဆိုတာကိုကတော့ ကိုယ့်ဖာသာပဲသိနိုင်ကြလိမ့်မယ်လို့ထင်မိကြောင်းပါခင်ဗျာ။
(ဘုန်းဘုန်းပန်းကမ္ဘာရဲ့  သက်တော် (၃၃)နှစ်မြောက်မွေးနေ့မှသည် သက်တမ်းပြည့် သက်တမ်းစေ့ ရှင်သန်နေ ထိုင်သွားနိုင်ပါစြေေ
ရိုသေလေးစားစွာဖြင့်
ဝိမုတ္တိသုခ
(27.10.2011)
ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.org
www.saddhammaramsi.blogspot.

0 comments:
Post a Comment